ဒီနေရာလေးကို ရောက်ပြီဆိုရင် .. တခြားကို သွားစရာတွေ အများကြီးတွေ့ရပြီပေါ့ဗျာ ..
ဘယ်လမ်းကို ရွေးကြမလဲ .. ဘယ်ကို သွားကြမလဲ ..
အဓိက ပြောချင်တာကတော့
ဘယ်ကိုပဲရောက်ရောက် .. လမ်းဆုံကို ရောက်အောင် ပြန်လာခဲ့ပါနော် ...
ဘယ်နေရာပဲ ရောက်နေပါစေ .. လမ်းဆုံကို သတိရနေပါ ..

မြန်မာဘလော့ဂါ အကယ်ဒမီဆု (၂၀၀၉)”

ဒုတိယအကြိမ်မြောက် "အကောင်းဆုံး မြန်မာဘလော့ဂါ အကယ်ဒမီဆု (၂၀၀၉)" ကျင်းပပြီးစီး။
Burma ( The Power of People) by Niknayman on 3/5/10

(တိုင်းပြည်နှင့် လူမျိုးအတွက် မိမိတို့  တတ်ကျွမ်းသည့်ပညာရပ်များ စိတ်ဓါတ်များ ကိုယ်ပိုင်အချိန်များ ကိုယ်ပိုင်အတွေးအခေါ်များ ကိုယ်ပိုင်အရည်အချင်းများဖြင့် အားကြိုးမာန်တက် ဖေါ်ပြဆောင်ရွက်လျက် ရှိနေကြသော မြန်မာဘလော့ဂါများအား အထူး ဂုဏ်ယူ လေးစားမိပါကြောင်း - နစ်နေမန်း)။
သတ္တမနည်းပညာရပ်ဝန်း (www.technical-seven.com) နှင့် မြန်မာဘလော့ဂါပရက်စ် (http://www.mmblogpress.org) တို့  စုစည်းစီစဉ် ဆောင်ရွက်၍ မြန်မာသတင်းသမဂ္ဂ၊ ပြင်သစ်နိုင်ငံအခြေစိုက် နယ်ခြားမဲ့ သတင်းထောက်များအသင်း (RSF) မှ ပေးအပ်ချီးမြှင့်သော ခရစ်သက္ကရာဇ် ၂၀၀၉ ခုနှစ်အတွက် ဒုတိယအကြိမ်မြောက် "အကောင်းဆုံး မြန်မာဘလော့ဂါ အကယ်ဒမီဆု (၂၀၀၉)" ရွေးချယ်ခံခဲ့ရသော မြန်မာဘလော့များမှာ အောက်ပါအတိုင်း ဖြစ်ကြောင်း သိရှိရပါတယ်။

အကောင်းဆုံး အထွေထွေ ဘလော့ဂါဆု။
Myanmar E-Books (http://burmesebooks.wordpress.com)

အကောင်းဆုံး ဘာသာပြန်ရသ စာပေဘလော့ဂါဆု။
ကိုပီတာရဲ့ အတွေးပုံရိပ်များ (http://kopeter.blogspot.com)

အကောင်းဆုံး အစုအဖွဲ့  ဘလော့ဂါဆု။
ငပေါများဂေဟာ (http://www.crazyvilla.net)

အကောင်းဆုံး ရင်တွင်းဖြစ်ခံစားမှုစာစုများနှင့် ရသကဗျာစာပေဘလော့ဂါဆု။
မြစ်ကျိုးအင်း (http://page-28.blogspot.com)

အကောင်းဆုံး လူမှုဘ၀သရုပ်ဖော် စာပေဘလော့ဂါဆု။
နှင်းနဲ့ မာယာ (http://mysterysnow.blogspot.com)

အကောင်းဆုံး ပညာရေးနှင့် ပညာပေး စာပေဘလော့ဂါဆု။
မြန်မာစာ မြန်မာစကား (http://myanmarsar.zaung.net)

အကောင်းဆုံး လူမှုအကျိုးပြု ပရဟိတအသင်းအဖွဲ့  ဘလော့ဂါဆု။
စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း (http://www.everyoneit.com)

အကောင်းဆုံး နိုင်ငံအကျိုးပြု သတင်းနှင့် စာပေ ဘလော့ဂါဆု။
စည်းလုံးခြင်းရဲ့  အင်အား (http://photayokeking.org)

အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂါဆု။
သီတဂူစတား (http://www.sitagustar.net)

အကောင်းဆုံး နည်းပညာအကျိုးပြု စာပေဘလော့ဂါဆု။
ညီနေမင်း (http://www.nyinaymin.com)

ပထမအကြိမ်မြောက် "အကောင်းဆုံး မြန်မာဘလော့ဂါ အကယ်ဒမီဆု (၂၀၀၈)" တွင် ရရှိခဲ့သော ဘလော့များမှာ အောက်ပါအတိုင်း ဖြစ်ကြောင်း သိရှိရပါတယ်။

(၁)အကောင်းဆုံး ဘာသာရေး ဘလော့ဂ်ဆု (Best Religious Blog)
မြတ်ဗုဒ္ဓအဆုံးအမများ ဘလော့ဂ် http://soethuhein.iblogger.org/

(၂)အကောင်းဆုံး ပညာရေး ဘလော့ဂ်ဆု (Best Education Blog)
မသက်ဇင် ဘလော့ဂ် http://www.mathetzin.com/

(၃)အကောင်းဆုံး နည်းပညာ ဘလော့ဂ်ဆု (Best Blog About Blogging)
ညီလင်းဆက် ဘလော့ဂ် http://blog.nyilynnseck.com/

(၄)အကောင်းဆုံး နိုင်ငံရေး ဘလော့ဂ်ဆု (Best Political Blog)
နစ်နေမန်း ဘလော့ဂ် http://www.niknayman-niknayman.blogspot.com/

(၅)အကောင်းဆုံး သတင်း ဘလော့ဂ်ဆု (Best News Blog)
ခေတ်ပြိုင်ဂျာနယ် ဘလော့ဂ် http://www.newskhitpyaing.co.cc/

(၆)အကောင်းဆုံး ပရဟိတ ဘလော့ဂ်ဆု (Best Charity Blog)
ပိုကောင်းမယ့် မနက်ဖြန် ဘလော့ဂ် http://tomorrowplan.blogspot.com/

(၇)အကောင်းဆုံး မြန်မာစာပေ ဘလော့ဂ်ဆု (Best Myanmar Literature Blog)
ဖွဲ့တည်ရာ မဂ္ဂဇင်း http://existencemgz.wordpress.com/

(၈)အကောင်းဆုံး ရသစာပေ ဘလော့ဂ်ဆု (Best Literauture Blog)
မင်းဒင် ဘလော့ဂ် http://www.mindin.info/

(၉)အကောင်းဆုံး ကဗျာ ဘလော့ဂ်ဆု (Best Poem Blog )
ကောင်းကင်ကို ဘလော့ဂ် http://kaungkinko.myanmarbloggers.org/

(၁၀)အကောင်းဆုံး အစုအဖွဲ့ ဘလော့ဂ်ဆု (Best Association Blog)
ကိုမိုးသီး ဘလော့ဂ် http://komoethee.blogspot.com/

(၁၁)အကောင်းဆုံး အထွေထွေ ဘလော့ဂ်ဆု (Best General Blog )
နိုင်းနိုင်းစနေ ဘလော့ဂ် http://nineninesanay.blogspot.com/

အကောင်းဆုံး မြန်မာဘလော့ဂါ အကယ်ဒမီဆုပေးပွဲအား နှစ်စဉ် စီစဉ်ဆောင်ရွက်ပေးနေသော သတ္တမနည်းပညာရပ်ဝန်း (www.technical-seven.com)၊ မြန်မာဘလော့ဂါပရက်စ် (http://www.mmblogpress.org) ၊ မြန်မာသတင်းသမဂ္ဂနှင့် ပြင်သစ်နိုင်ငံအခြေစိုက် နယ်ခြားမဲ့သတင်းထောက်များအသင်း (RSF) တို့ အား၎င်း၊ ဘလော့များသို့  လာရောက်ဖတ်ရှူကြသော မဲဆန္ဒပြု၍ ရွေးချယ်ပေးကြသော ပြည်တွင်းပြည်ပ မြန်မာပြည်သူပြည်သားအပေါင်းအား၎င်း အထူးကျေးဇူးတင်ရှိပါသည်။ မြန်မာဘလော့ဂါများအားလုံး တိုင်းပြည်နှင့် လူမျိုး အကျိုးအတွက် ဆထက်တစ်ပိုး ဆက်လက်ကြိုးပမ်းဆောင်ရွက်နိုင်ကြပါစေလို့  ဆန္ဒပြုအပ်ပါတယ်။

0 comments:

လိုအပ်ချက်များ အကြံပြုဆွေးနွေးနိုင်ပါသည်

Your Name :
Your Email :
Subject :
Message :
Image (case-sensitive):