ဒီနေရာလေးကို ရောက်ပြီဆိုရင် .. တခြားကို သွားစရာတွေ အများကြီးတွေ့ရပြီပေါ့ဗျာ ..
ဘယ်လမ်းကို ရွေးကြမလဲ .. ဘယ်ကို သွားကြမလဲ ..
အဓိက ပြောချင်တာကတော့
ဘယ်ကိုပဲရောက်ရောက် .. လမ်းဆုံကို ရောက်အောင် ပြန်လာခဲ့ပါနော် ...
ဘယ်နေရာပဲ ရောက်နေပါစေ .. လမ်းဆုံကို သတိရနေပါ ..

World Flags Game


ကမ္ဘာအရပ်ရပ်က နိုင်ငံအသီးသီးရဲ့ အလံအမျိုးမျိုးကို လေ့လာရင်း ဒီလင့်ကလေးတွေ တွေ့မိလို့ အားလုံးအတွက်လည်း တင်လိုက်ပါတယ်
အစောပိုင်း ကျွန်တော်စိတ်ကူးတာက နိုင်ငံအလံတွေကို နိုင်ငံအမည်ပါတွဲပြီး Flash file အနေနဲ့ တင်ဖို့အတွက် အလံတွေလိုက်ရှာရင်း ဒီပုံလေးတွေ တွေ့တာနဲ့ ၊ ပြီးတော့ သဘောလည်းကျတာနဲ့ တင်လိုက်တာပါ..
ကျွန်တော် စိတ်ကူးထားတဲ့အတိုင်းတော့ ကိုယ်တိုင်ဖန်တီးကြည့်ဖို့ စိတ်ကူးထားပါတယ် ..
နည်းပညာလေ့လာရင်း လိုအပ်တဲ့ ကုန်ကြမ်းစုလိုက်ဦးမယ် ..

ဒါလေးကတော့ .. နိုင်ငံအမည်ကိုလိုက်ရှာပြီး ပေးထားတဲ့ အလံကို သူ့နိုင်ငံအလိုက် တင်ပေးရပါတယ်..
ကမ္ဘာနိုင်ငံတွေရဲ့ နေရာတဲ့ အလံကို တွဲပြီးသိစေတဲ့ Game လေးပါပဲ .. ဗဟုသုတတစ်ခုအနေနဲ့ ကစားလို့ကောင်းပါတယ် ..

http://www.anzacday.org.au/interactives/childhood/flags/main.swf

ဒါကတော့ .. အပေါ်က ကစားနည်းကို သေချာနှံစပ်အောင် ကစားပြီးပြီဆိုရင်တော့ .. သင့်ကိုယ်သင် ကမ္ဘာအနှံရောက်ဖူးသူတစ်ယောက်အနေနဲ့ ပေးထားတဲ့ နိုင်ငံတွေရဲ့ အမည်ကို မှန်အောင် ထည့်ပေးရပါမယ်။

http://www.cnhtrade.com/games/knowtheworld/world/game.swf

ဒါကတော့ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ဘာသာစကားနဲ့ ပတ်သက်ပြီး လေ့လာလို့ရတဲ့ ကစားနည်းလေးပါ။
http://www.csupomona.edu/~rrreese/CFGame/ColorGame.swf

ဒါကတော့ အလံတွေကို Funny ဆန်ဆန် လုပ်ထားတာလေးပါ ..
http://www.frederiksamuel.com/blog/images/myflags.swf

ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ အလံတွေနဲ့ နိုင်ငံအမည်တွေကို တွဲပြီးလေ့လာချင်တယ်ဆိုရင်တော့
http://www.makingamillionaire.com/flags2.png
http://www.markfennell.com/flags/flags.gif
ဒီပုံလေးတွေကို ကူးယူထားလို့ရပါတယ်..

ကျေးဇူး
kaung.kz@gmail.com
အဆင်မပြေတာရှိရင် ကျွန်တော့်ကိုပြောပါ.. အဆင်ပြေရင် သူငယ်ချင်းတွေကို ပြောပေးပါ။

0 comments:

လိုအပ်ချက်များ အကြံပြုဆွေးနွေးနိုင်ပါသည်

Your Name :
Your Email :
Subject :
Message :
Image (case-sensitive):