ဒီနေရာလေးကို ရောက်ပြီဆိုရင် .. တခြားကို သွားစရာတွေ အများကြီးတွေ့ရပြီပေါ့ဗျာ ..
ဘယ်လမ်းကို ရွေးကြမလဲ .. ဘယ်ကို သွားကြမလဲ ..
အဓိက ပြောချင်တာကတော့
ဘယ်ကိုပဲရောက်ရောက် .. လမ်းဆုံကို ရောက်အောင် ပြန်လာခဲ့ပါနော် ...
ဘယ်နေရာပဲ ရောက်နေပါစေ .. လမ်းဆုံကို သတိရနေပါ ..

Start Create Ning.com

Blogspot တွေ အဆင်မပြေဖြစ်နေချိန်မှာ Social Network တွေ ပေါ်ပေါက်လာပါတယ် .. Ning.com ကတော့ အသုံးအများဆုံး .. ပြင်ဆင်ရတာ လည်းလွယ်ကူတဲ့အတွက် ခုချိန်မှာ လူသုံးများနေတာ တွေ့ရပါတယ် .. ကျွန်တော်လည်း သူများနည်းတူ စမ်းသပ်ချင်လို့ Cupid Love ဆိုတဲ့ Social Network တစ်ခုကို ဖန်တီးဖြစ်ခဲ့ပါတယ် ..။ ကျွန်တော့်လိုပဲ Ning.com မှာ ဖန်တီးချင်သူများအတွက် အခြေခံပြုလုပ်နည်းလေးကို ကျွန်တော်သိသမျှ ရေးသားပေးပါ့မယ် .. ( တကယ်ကို အခြေခံ သက်သက်ပဲနော် .. ကျန်တာတွေ ကျွန်တော်လည်း မတတ်လို့ပါ ) ရှာဖွေ တွေ့ရှိသမျှတွေလည်း ဆက်ပြီး တင်ပေးသွားပါမယ် ..

ပထမဦးဆုံး အဆင်ပြေရာ Social Network တစ်ခုခုကနေ Create a Ning Network!
ဆိုတဲ့ နေရာမှာ သွားပြီး Sign Up လုပ်ရပါမယ် .. 
 
Create နှိပ်ပါ

ဒါမှမဟုတ် Ning.com ရဲ့ ပင်မဆိုဒ် http://www.ning.com မှာလည်း သွားပြီး
Sign Up လုပ်နိုင်ပါတယ် ..

 Create နှိပ်ပါ

Sign Up လုပ်ရန်အတွက် လိုအပ်တဲ့ အချက်အလက်တွေ ဖြည့်ပါ။

Sign Up နှိပ်ပါ။

Email Verify လုပ်ရန်အတွက် Go to Gmail ကိုသွားပါ။


SignUp လုပ်ခဲ့တဲ့ မေးနဲ့ ပြန်ဝင်ကြည့်ရပါမယ် ..


အဲဒီက Link ကို နှိပ်လိုက်ပါ ။။

Ning ရဲ့ Profile အတွက် ဓါတ်ပုံ ထည့်ပါ.. လိုအပ်သည်များ ဖြည့်ပါ ...
အကယ်၍ မဖြည့်ချင်သေးဘူးဆိုရင် Skip.. ဖြည့်ပြီးရင် .. Done ကို နှိပ်ပါ။

ဒါဆိုရင် Account Active ဖြစ်သွားပြီဖြစ်ပါတယ် ...


အခု ဖော်ပြခဲ့သလောက်ဟာ .. Ning.com မှာ SignUp လုပ်တဲ့ အဆင့်ပဲရှိပါတယ် ..
အကယ်၍ Ning.com တစ်ခုခုမှာ ၀င်ခဲ့ဖူးတယ် .. Ning.com မှာ SignUp လုပ်ဖူးတယ်ဆိုရင်တော့
ဒီနေရာကနေ ပြန်စရပါမယ် ...

Create a Ning Network >> ကို နှိပ်ပါ ..


ကိုယ့်ရဲ့ Network နာမည်နဲ့ Address ကို ရွေးပါ .. Create ကို နှိပ်ပါ ..
အကယ်၍ မိမိရွေးတဲ့ Address က တခြားသူနဲ့ သွားတူနေမယ်ဆိုရင်တော့ အဆင်ပြေမယ့် Address တစ်ခုကို ရွေးပေးရပါမယ် ..


လိုအပ်တဲ့ အချက်တွေ ဖြည့်ပေးပါ .. အဲဒီမှာ တစ်ခု သိထားရမှာက
မိမိရဲ့ဆိုဒ်ကို အဖွဲ့ဝင်တွေပဲ ၀င်ခွင့်ရမှာလား .. လူတိုင်းကို ကြည့်ခွင့်ပေးမှာလား ဆိုတာ ရွေးရပါမယ်။
ပြီးရင်တော့ Next >> ပေါ့


ဒါဆို Features Plan ပေါ်လာမှာပါ။။

မိမိရဲ့ Layout ထဲကို Features Box ထဲကနေ Drag ဆွဲပြီး ထည့်နိုင် / ဖြုတ်နိုင်ပါတယ်။

ခုလို ဖြည့်ပြီးပြီ ဆိုရင်တော့  Next ပေါ့


 Appearance Box ပေါ်လာတဲ့အခါ မိမိနှစ်သက်ရာ Webpage ပုံစံ  Theme ကို ရွေးချယ်နိုင်ပါတယ် ..


 Theme နဲ့ပတ်သက်လို့ Color တွေ Text တွေ .. Image တွေကို
ဒီနေရာမှာ စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ် ..



ဒါဆိုရင်တော့ နောက်ဆုံးအပြီးသတ် Ning.com ရဲ့ Social Network တစ်ခု ရလာပြီပေါ့ဗျာ ...

မိမိရဲ့ Webpage ကို ပြင်ဆင်တည်းဖြတ်ခြင်းကို ဆက်လက်ဖော်ပြပေးပါမယ် ...

ကျေးဇူး
kaung.kz@gmail.com
အဆင်မပြေတာရှိရင် ကျွန်တော့ကို ပြောပါ .. အဆင်ပြေရင် သူငယ်ချင်းတွေကို ပြောပေးပါ။

0 comments:

လိုအပ်ချက်များ အကြံပြုဆွေးနွေးနိုင်ပါသည်

Your Name :
Your Email :
Subject :
Message :
Image (case-sensitive):