ဒီနေရာလေးကို ရောက်ပြီဆိုရင် .. တခြားကို သွားစရာတွေ အများကြီးတွေ့ရပြီပေါ့ဗျာ ..
ဘယ်လမ်းကို ရွေးကြမလဲ .. ဘယ်ကို သွားကြမလဲ ..
အဓိက ပြောချင်တာကတော့
ဘယ်ကိုပဲရောက်ရောက် .. လမ်းဆုံကို ရောက်အောင် ပြန်လာခဲ့ပါနော် ...
ဘယ်နေရာပဲ ရောက်နေပါစေ .. လမ်းဆုံကို သတိရနေပါ ..

Send Space ကနေဖိုင်တွေ ပို့ကြည့်ရအောင် ..


Merry Christmas & Happy New Year 2010 နီးလာတဲ့အခါ အဝေးရောက်သူများချင်းများအတွက် အမှတ်တရပို့စကဒ်တွေ .. ဓါတ်ပုံတွေပို့ကြခဲ့အခါ .. တချို့ဖိုင်ဆိုဒ်ကြီးနေတဲ့အခါမှာ အလွယ်တကူပို့ဖို့ အဆင်မပြေကြပါဘူး.. အဲဒီလို အခါမျိုးမှာ File Upload တွေမှတဆင့် ပို့လို့ရသလို .. တစ်ခါတည်း အီးမေးအနေနဲ့ ပို့လို့ရတဲ့ ဆိုဒ်လေးတစ်ခု တွေ့ထားပါတယ် .
SendSpace.com ပါ .. တစ်ကြိမ်မှာ 300MB အထိ ပို့လို့ရတဲ့အတွက် Gmail ကနေ ပို့လို့ရတဲ့ 5MB ထက် အများကြီး သာသွားတာပေါ့နော် ..
ကဲ .. စမ်းပို့ကြည့်ရအောင် .. http://www.sendspace.com/ တဲ့နော် ..


မိမိပို့လိုတဲ့ ဖိုင်ကိုရွေးပါ ..  အကြောင်းအရာရေးပါ .. လက်ခံမယ့်သူရဲ့အီးမေးလိပ်စာထည့်ပါ ..
ကိုယ့်ရဲ့ အီးမေးလိပ်စာ ထည့်ပြီးရင်တော့ ... Upload File ပေါ့ဗျာ ..
အဲ ... I have read and agree to the terms of service. ဆိုတာလေးမှာတော့ အမှန်ခြစ်ဦးနော်။


ထုံးစံအတိုင်း Upload Time စောင့်ပေးပေါ့ဗျာ ..
စိတ်မရှည်ဘူးဆိုရင်တော့ Calcel Upload သာ နှိပ်လိုက်ဗျာ။


ဒါလေးတွေ့ပြီဆိုရင်တော့ Ok ပြီပေါ့နော် .. အဲဒီမှာ Download Link: ပေးထားသလို ..
မိမိရဲ့ Webpage မှာ သုံးချင်သူတွေအတွက် HTML Code: တွေပါ ပေးထားပါတယ်။

ကိုယ်ပို့လိုက်တဲ့သူဆီကို ဒီလိုအီးမေးလင့်လေး ရောက်သွားရင်တော့ Download ချပြီးသာ ယူခိုင်းပေတော့ဗျို့ ..

ပေးထားတဲ့ Link ကို နှိပ်မယ်ဆိုရင်တော့ .. Download Page ပွင့်လာပါမယ် ..


Download  ဆိုတာကိုသာရှာပြီး နှိပ်လိုက်တော့ဗျို့ .. ဒါဆိုပြီးပြီပေါ့ ..
တစ်ခုကျန်သေးတယ်ဗျ .. ပို့တဲ့သူဆီကိုလည်း ဒီလို အီးမေးလေး ရောက်လာပါတယ် ..

ဒါဆိုရင်တော့ သိမ်းသာထားလိုက်တော့ .. ကိုယ်လိုတဲ့အခါ ပြန်ပြီး ယူလို့ရတာပေါ့ ..

ကျေးဇူး
kaungkhant@junctionwebpage.co.cc
အဆင်မပြေမှုများရှိရင် ကျွန်တော့ကိုပြောပါ .. အဆင်ပြေရင်တော့ သူငယ်ချင်းများကို ပြောပေးပါ။

0 comments:

လိုအပ်ချက်များ အကြံပြုဆွေးနွေးနိုင်ပါသည်

Your Name :
Your Email :
Subject :
Message :
Image (case-sensitive):