ဒီနေရာလေးကို ရောက်ပြီဆိုရင် .. တခြားကို သွားစရာတွေ အများကြီးတွေ့ရပြီပေါ့ဗျာ ..
ဘယ်လမ်းကို ရွေးကြမလဲ .. ဘယ်ကို သွားကြမလဲ ..
အဓိက ပြောချင်တာကတော့
ဘယ်ကိုပဲရောက်ရောက် .. လမ်းဆုံကို ရောက်အောင် ပြန်လာခဲ့ပါနော် ...
ဘယ်နေရာပဲ ရောက်နေပါစေ .. လမ်းဆုံကို သတိရနေပါ ..

ဒြပ်စင်အလှည့်ကျဇယား (periodic table) website

ကျနော့်ကို ၀ဘ်ဆိုဒ် တစ်ခုလောက် ကြော်ငြာခွင့်ပြုပါ။ ကျနော် လတွေ အကြာကြီးထဲက ပရော့ဂျက်တစ်ခု လုပ်နေတယ်လို့ ပြောခဲ့ဘူးပါတယ်။ ဒြပ်စင်အလှည့်ကျဇယား (periodic table) ကို မြန်မာ ဘာသာ ပြန်ဖို့အတွက်ဖြစ်ပါတယ်။ ယခု လက်ရှိ တွေ့ရှိပြီး ဒြပ်စင် ၁၁၈ မျိုးလုံးရဲ့ ဓါတုဂုဏ်သတ္တိ၊ သမိုင်းတွေနဲ့ အသုံးဝင်ပုံတွေကို တတ်နိုင်သလောက် ပြည့်စုံအောင် ကြိုးစားထားခဲ့ပါတယ်။ အဲဒါတွေက ဓါတုဗေဒကို စိတ်မ၀င်စားသူတွေ အသုံးမ၀င်ဆိုရင်တောင်မှ ကျန်းမာရေးအပေါ် သက်ရောက်မှုတွေ၊ ဒြပ်စင်တွေရဲ့ ပါတ်ဝငန်းကျင်ကို ညစ်ညမ်းစေမှုတွေကို ဗဟုသုတ ရယူပြီး ရှောင်ရှားနိုင်ပါတယ်။ အားလုံးကို မြန်မာဘာသာဖြင့် အတတ်နိုင်ဆုံး ရေးသားထားတဲ့အတွက် အခြေခံပညာ ကျောင်းသားများအတွက်ပင် အသုံးဝင်နိုင်ပါတယ်။ မြန်မာဘာသာ နှင့် ပညာရေး ၀ဘ်ဆိုဒ်များ များပြားတိုးတက်လာအောင် ရည်ရွယ်ခဲ့တာပါ။ ကြည့်ရှူ ဝေဖန် အားပေးကြပါဦး ။ ကျနော် က ဒီဇိုင်းနဲ့ manage ပိုင်းလောက်ပဲ ဖြစ်ပြီး ဘာသာပြန်ဆိုမှုကိုတော့ တစ်ကျောင်းလုံးက ညီအစ်ကိုတွေ အားနဲ့ လုပ်ဆောင်ခဲ့တာပါ။ မကြာမှီ offline သုံး ဆော့ဝဲလ် တစ်ခု ဖြစ်လာအောင် ကြိုးစားသွားပါ့မယ်။ ကျနော့်ဘလော့ရဲ့ sidebar အပေါ်ဆုံးမှာ အမြဲတမ်းလင့်ချိတ်ထားပါ့မယ်။ အသိပညာ ရရှိစေမယ့် အကျိုးရှိတဲ့ ၀ဘ် ဖြစ်လို့ ထပ်ဆင့် ပြန့်ပွါး ရင်း ကူညီပေးကြပါ .... အားလုံးကို ကျေးဇူးတင်ပါတယ် ။

Periodic Table

ကိုသံလုံငယ် ရဲ့ ဘလော့ဂ်ကနေ ကူးယူဖြန့်ပွားပေးပါသည်။

ကျေးဇူး
kaung.kz@gmail.com
အဆင်မပြေတာရှိရင် ကျွန်တော့်ကိုပြောပါ.. အဆင်ပြေရင် သူငယ်ချင်းတွေကို ပြောပေးပါ။

0 comments:

လိုအပ်ချက်များ အကြံပြုဆွေးနွေးနိုင်ပါသည်

Your Name :
Your Email :
Subject :
Message :
Image (case-sensitive):