ဒီနေရာလေးကို ရောက်ပြီဆိုရင် .. တခြားကို သွားစရာတွေ အများကြီးတွေ့ရပြီပေါ့ဗျာ ..
ဘယ်လမ်းကို ရွေးကြမလဲ .. ဘယ်ကို သွားကြမလဲ ..
အဓိက ပြောချင်တာကတော့
ဘယ်ကိုပဲရောက်ရောက် .. လမ်းဆုံကို ရောက်အောင် ပြန်လာခဲ့ပါနော် ...
ဘယ်နေရာပဲ ရောက်နေပါစေ .. လမ်းဆုံကို သတိရနေပါ ..

Edit Ning.com

Ning.com မှာ မိမိကိုယ်ပိုင် Social Network တစ်ခု တည်ဆောက်ပြီးပြီ ဆိုရင်တော့ ဆက်လက်ပြီး
ပြုပြင် တည်းဖြတ်ရပါမယ် .. မိမိနှစ်သစ်ရာ Banner , Icon, Fvacion, Image တွေအပြင် Color တွေ . Text တွေကို စိတ်တိုင်းကျ ပြုပြင်နိုင်ပါတယ် ..

အရင်ဦးဆုံး .. မိမိရဲ့ Webpage ကို ဖွင့်ပါ .. SignIn လုပ်ပါ ..

Webpage ရဲ့ Tab Bar မှာ Manage ဆိုတာကို နှိပ်လိုက်ပါ ..

ဒါဆိုရင် မိမိရဲ့ ဆိုဒ်ကို စိတ်တိုင်းကျ ပြုပြင်လို့ရမယ့် နေရာကို ရောက်ပါပြီ


အဲဒီမှာ အဓိက ကျွန်တော်တို့ အနေနဲ့ ပြုပြင်လို့ ရတဲ့နေရာတွေကတော့ ..
Manage Your Member ( ကိုယ့်ရဲ့ မန်ဘာတွေ နဲ့ ပတ်သက်တာပါ )
Add More Features ..  ( Features တွေ ထပ်တိုးချင်တဲ့အခါ .. တချို့ အလကားမရပါ )
Customize It .. ( Webpage အတွက် အဓိက ပြုပြင်ရမယ့် နေရာပါ )
Add Premium Services ( Premium Member များအတွက်သာ .. ပိုက်ဆံပေးရပါသည် )
And More .. ( Webpage အတွက် Html / CSS နဲ့ ပတ်သက်ပြီး Edit လုပ်ဖို့ )

ပထမဆုံး မိမိရဲ့ ဆိုဒ်ကို Banner တွေ Image တွေ Color တွေ ပြောင်းဖို့အတွက်
Customize It .. ထဲက Appearance ကို နှိပ်ပါ ..

အဲဒီမှာ Themes တွေ ရွေးလို့ရပါတယ် .. စိတ်ကြိုက် ရွေးပြီးပြီ ဆိုရင်တော့ ..

အောက်က Basic Themes မှာ .. အခြေခံ ကာလာတွေ .. image တွေ ပြောင်းလို့ရပါတယ် ..


အသေးစိတ် ပြုပြင်ချင်တယ်ဆိုရင်တော့ .. All Option ကိုသွားပါ..


CSS ကုဒ်တွေ နားလည်တယ်ဆိုရင်တော့ .. Advanced .

အားလုံးပြီးရင်တော့ Save ..

နောက်တစ်ခုက .. Feature Controls.


Blog Post .. (ပို့တွေကို Approve လုပ်ပြီးမှ တင်ခွင့်ပြုမလား)
Chat on Main Page .. (Chat Box ကို Main Page မှာ ထားမှာလား)
Comments .. (Comments တွေကို အသစ်အရင်လား . အဟောင်းအရင်လား .. ထင်ရှားတာအရင်လား)
Events ..(Event ကို Approve လုပ်မလား.. Event အတွက် image တင်)
Groups .. (မန်ဘာတွေကို Groups ဖွဲ့ခွင့်ပေးမလား . Approve လုပ်မလား နဲ့ image တင်ရန်)
Photos ..(ဓါတ်ပုံတွေကို Approve လုပ်ပြီးမှ တင်ခွင့်ပြုမလား)
Profile Pages .. (ကိုယ်ပိုင်စာမျက်နှာကို ပြင်ဆင်ခွင့်ပြုမလား)
Search ..(မန်ဘာတွေရဲ့ အသက်တွေကို ရှာခွင့်ပြုမလား)
Videos ..(မူဘီတွေကို Approve လုပ်မလား)

စိတ်တိုင်းကျ လုပ်ပြီးရင်တော့ Save ..

နောက်တစ်ဆင့် .. Updage Information..


ကိုယ့်ရဲ့ ဆိုဒ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ပြင်ချင်တယ်ဆိုရင် .. မပြင်လည်းရတာပဲနော်..
Network Image ထည့်လို့ရပါတယ် .. နောက် Address Bar မှာ တင်ဖို့ favicon လည်းထည့်နိုင်ပါတယ် ..
Network Image ကိုတော့ Square Size လုပ်ရပါမယ် .. favicon အတွက်က 16px X 16px ရှိရပါမယ် ..
favicon ကို ဒီနေရာမှာ သွားပြီး ဖန်တီးနိုင်ပါတယ် ..

Profile Question.. မန်ဘာဝင်တွေအတွက် Signup လုပ်စမှာ ကိုယ်မေးချင်တဲ့ မေးခွန်းတွေ မေးလို့ရပါတယ်။

အပေါ်ဆုံးက မေးခွန်းနှစ်ခုကတော့ မပါမဖြစ် ဒီအတိုင်း ထားပေးပါ။
မေးခွန်းတွေ ထပ်တိုးချင်ရင် Add Another Questions ကို နှိပ်ပြီး တိုးသွားလို့ရပါတယ်။
ပြီးရင် Save ..

နောက်တဆင့် .. Discussion Forum ကိုနှိပ်ပါ .

Discussion နဲ့ ပတ်သက်ပြီး Manage လုပ်နိုင်ဖို့ပါ

Tab Manager
Tab နဲ့ပတ်သက်ပြီး ပြင်ချင်တာပြင်ရအောင် .. (မြန်မာလို ပေါ်ချင်ရင် .မြန်မာလိုရိုက်ပေါ့)


Language Editor
ဆိုဒ်တစ်ခုလုံးအတွက် Language ကို စိတ်ကြိုက်ပြောင်းလို့ရပါတယ် ..

ဆိုဒ်တစ်ခုလုံးအတွက် မြန်မာလိုပေါ်အောင် ဒီနေရာမှာ သွားပြင်ရပါတယ်..
ပုံမှန်အနေနဲ့ English (U.S) ဆိုတာကို သုံးထားပါတယ် ..

မြန်မာလို သုံးချင်တယ်ဆိုရင်တော့ ..

Create new translation for your Ning Network ကို နှိပ်ပါ။


Language Name ရေးပါ ,, Based on ကတော့ ဒီအတိုင်းပဲထားပါ
Create ကိုနှိပ်ပါ ။


အဆင်ပြေသလိုသာ ကြည့်ဘာသာပြန်ကြပေရော့ ... ကျွန်တော်လည်း သေချာမစမ်းရသေးဘူး
ပြီးရင်တော့ ထပ်ပြောပြပေးပါမယ်....

ပြင်ပြီးရင်တော့ Save Page ပေါ့ဗျာ

ပြင်ပြီးတဲ့အခါ Language Active ဖြစ်အောင်လုပ်ရပါမယ် .

Change Active Language ကို နှိပ်ပါ ...


Language နေရာမှာ ခုနက လုပ်ခဲ့တဲ့ Language ကို ပြောင်းလိုက်ပါ .. ပြီးရင် Save ပေါ့နော်.။


Html Code တွေ CSS Code တွေ နားလည်တယ်ဆိုရင်တော့
နောက်တစ်ဆင့်အနေနဲ့ And More .... Analytics ပါ

ဆိုဒ်တစ်ခုလုံးအတွက် Html / CSS တွေ ထပ်ထည့်လို့ရပါတယ်.. ပြီးရင်တော့ Save ပေါ့ဗျာ

ရှိပြီးသား CSS တွေကို ပြုပြင်ချင်ရင်တော့ Advanced Options ထဲက Sitemap ...

ထုံးစံအတိုင်း Save Changes ပေါ့

နောက်ဆုံးအနေနဲ့ကတော့
Manage Your Member ထဲက Invite Friends ..
မိမိရဲ့ မေးထဲမှာ ရှိနေတဲ့ သူငယ်ချင်း . မိတ်ဆွေတွေကို .. ဒီ ning.com ဖန်တီးထားပြီဆိုတဲ့အကြောင်း၊ အဖွဲ့ဝင်ဖို့ ဖိတ်ခေါ်တဲ့ နေရာပါ။

Email Address ,, Password ဖြည့်ပြီး Import Address Book .. ကိုနှိပ်ပါ
ကိုယ်မေးထဲက သူတွေကို ရွေးပါ .. ပြီးရင် Send ..

နောက် Members ..

ဒီအထဲမှာကတော့ မန်ဘာတွေကို အမျိုးမျိုး စီမံလို့ရပါတယ် .. Manage Roles မှာ
Adminstrator အနေနဲ့ ပေးသုံးမလား
Members အနေနဲ့ ထားမှာလား .. စောင့်ကြည့်အဖွဲ့ဝင်အဖြစ် သတ်မှတ်မလား .. အဖွဲ့ဝင်အဖြစ်က ပယ်ဖျက်မလား ..

နောက် . Privacy

ကိုယ်ပိုင် Private အနေနဲ့လား .. အများနဲ့အတူ Public လား ရွေးရပါတယ် ..

နောက်ဆုံး .. Boardcast Message

အဖွဲ့ဝင်တွေ အားလုံးဆီကို စာပို့ချင်ရင် ဒီကနေ ပို့လို့ရပါတယ် ..
ပြင်ဆင်ခြင်းကတော့ ဒီလောက်ပါပဲခင်ဗျာ
တခြားဟာတွေကတော့ အလကားမရလို့ မလုပ်တော့ပါဘူး

နောက်ထပ် .. အလှဆင်တဲ့အပိုင်းတွေကိုလည်း ဆက်ရေးပေးသွားပါမယ် ..

ကျေးဇူး
kaung.kz@gmail.com
အဆင်မပြေတာရှိရင် ကျွန်တော့ကိုပြောပါ .. အဆင်ပြေရင် သူငယ်ချင်းအားလုံးကို ပြောပေးပါ။

0 comments:

လိုအပ်ချက်များ အကြံပြုဆွေးနွေးနိုင်ပါသည်

Your Name :
Your Email :
Subject :
Message :
Image (case-sensitive):