ဒီနေရာလေးကို ရောက်ပြီဆိုရင် .. တခြားကို သွားစရာတွေ အများကြီးတွေ့ရပြီပေါ့ဗျာ ..
ဘယ်လမ်းကို ရွေးကြမလဲ .. ဘယ်ကို သွားကြမလဲ ..
အဓိက ပြောချင်တာကတော့
ဘယ်ကိုပဲရောက်ရောက် .. လမ်းဆုံကို ရောက်အောင် ပြန်လာခဲ့ပါနော် ...
ဘယ်နေရာပဲ ရောက်နေပါစေ .. လမ်းဆုံကို သတိရနေပါ ..

လမ်းဆုံမှတ်တမ်း

သူငယ်ချင်းတစ်ယောက်အတွက် MyanmarCCTV ဆိုတဲ့ ဘလော့ဂ်ကို လုပ်ပေးဖို့ ပြင်ဆင်နေရင်း .. အွန်လိုင်းက သူငယ်ချင်းကလည်း တောင်းဆိုလာတာနဲ့ Ariesprincess ဆိုတဲ့ ဘလော့ဂ်ကို လုပ်ပေးဖြစ်ပြန်ပါတယ်။
ပြီးတော့ .. ကျွန်တော့အတွက် KaungKhant ဆိုတဲ့ ဘလော့ဂ်ကို လုပ်ဖို့ စိတ်ကူးရပြန်ပါတယ် .. သူများတွေရဲ့ Template တွေကို အားကျလို့ အရင်က ကောင်းခန့်(ရသ) အစား သုံးဖို့အတွက်ပါ ..
ဘလော့ဂ်တွေလုပ်နေတာ .. နားလည်သဘောပေါက်လို့တော့ မဟုတ်ပါဘူး .. လေ့လာသင်ယူရင်း လက်တွေလုပ်ကြည့်တဲ့ သဘောပါ ..
နောက်ဆုံး ဒီ လမ်းဆုံ ကို ဖန်တီးဖို့ စိတ်ကူးလိုက်တာကတော့ .. ကျွန်တော် ၀င်ရောက်လေ့လာမိသမျှတွေကို မှတ်တမ်းလေး တစ်ခုအနေနဲ့ ထားချင်တဲ့အတွက် ဖန်တီးဖြစ်ပါတယ် ..
လိုအပ်တာတွေ လမ်းညွှန်ပေးကြပါ .. ဖြည့်စွက်စရာတွေ ပံ့ပိုးပေးကြပါ ..

0 comments:

လိုအပ်ချက်များ အကြံပြုဆွေးနွေးနိုင်ပါသည်

Your Name :
Your Email :
Subject :
Message :
Image (case-sensitive):